Monday, August 6, 2018

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား(၂၉-၁-၂၀၁၈)


၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မိတ္ထီလာတက္ကသိုလ် အားကစားခန်းမ၌ (၂၉-၁-၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ကြပြီး တာဝန်ခံပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာကြီး၊ ဆရာမကြီးများက ပြိုင်ပွဲဝင်များအား နှုတ်ဆက်အားပေးခဲ့ကြပါသည်။ ထို့နောက် မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က ပထမဆုရ ၀ိဇ္ဇာညွန့်ပေါင်းအသင်း(အမျိုးသား)အားလည်းကောင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်က ပထမဆုရ ဓာတုဗေဒအသင်း(အမျိုးသမီး)အားလည်းကောင်း ဆုချီးမြှင့်ပေးခဲ့ပါသည်။ ပါမောက္ခ(ဌာနမှူး)များကလည်း အားကစားသမားများအား ဆုအသီးသီးချီးမြှင့်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ၀န်ထမ်းများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရှိရပါသည်။