Monday, August 6, 2018

မိတ္ထီလာတက္ကသိုလ်မှ သက်ပြည့်အငြိမ်းစားယူမည့် ဒေါ်ခင်မေသက်(ဌာနမှူး၊ စီမံ/ဘဏ္ဍာ)အား ဂုဏ်ပြုနှုတ်ဆက်ပွဲအခမ်းအနား(၁၉-၁-၂၀၁၈)

မိတ္ထီလာတက္ကသိုလ်မှ သက်ပြည့်အငြိမ်းစားယူမည့် ဒေါ်ခင်မေသက်(ဌာနမှူး၊ စီမံ/ဘဏ္ဍာ)အား ဂုဏ်ပြုနှုတ်ဆက်ပွဲအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် Presentation Room ၌ (၁၉-၁-၂၀၁၈)ရက်နေ့ နံနက်(၁၀း၃၀)တွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန် တက်ရောက်၍ ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ သင်ကြားရေးဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့် စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများ၊ ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။