Monday, August 6, 2018

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ထမနဲထိုးပြိုင်ပွဲ အခမ်းအနား(၃၁-၁-၂၀၁၈)


၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ထမနဲထိုးပြိုင်ပွဲ အခမ်းအနားကို မိတ္ထီလာတက္ကသိုလ်တွင် (၃၁-၁-၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ကြပြီး တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တာဝန်ခံပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး) ဆရာကြီး၊ ဆရာမကြီးများက ထမနဲထိုးပြိုင်ပွဲအား လှည့်လည်ကြည့်ရှူအားပေးခဲ့ကြပါသည်။ ၄င်းနောက် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က ဖျော်ဖြေရေးဒိုးပတ်အဖွဲ့အား ဂုဏ်ပြုဆုငွေချီးမြှင့်ပေးခဲ့ပါသည်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ထမနဲထိုးပြိုင်ပွဲတွင် ပထမဆုရ ဓာတုဗေဒအသင်းအား တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်ကလည်းကောင်း၊ ဒုတိယဆုရ အင်္ဂလိပ်စာအသင်းအား ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်ကလည်းကောင်း၊ တတိယဆုရ မြန်မာစာအသင်းအား ရူပဗေဒဌာန ပါမောက္ခ(ဌာနမှူး)ဒေါက်တာလှလှသန်းကလည်းကောင်း ဆုချီးမြှင့်ပေးခဲ့ကြပြီး ပါမောက္ခ(ဌာနမှူး) ဆရာမကြီးများကလည်း နှစ်သိမ့်ဆုရရှိကြသော ပြိုင်ပွဲဝင်အသင်းများအား ဆုအသီးသီးချီးမြှင့်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များနှင့် ပါမောက္ခများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ မော်ကွန်းထိန်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ၀န်ထမ်းများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရှိရပါသည်။