Monday, August 6, 2018

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား(၁၉-၁-၂၀၁၈)


၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မိတ္ထီလာမြို့နယ် ပေါက်ချောင်းအားကစားကွင်း၌ (၁၉-၁-၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန် တက်ရောက်၍ အနိုင်ရ ဘောလုံးအသင်း(အမျိုးသား၊ အမျိုးသမီး)များအား ပထမဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ထို့အတူ မိတ္ထီလာတက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များကလည်း ဆုအသီးသီးချီးမြင့်ခဲ့ကြပါသည်။ အခမ်းအနားသို့ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ၀န်ထမ်းများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရှိရပါသည်။