Monday, February 11, 2019

မိတ္ထီလာတက္ကသိုလ်မှ ဂျပန်နိုင်ငံ Gifu University သို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြသည့် ပုဂ္ဂိုလ်များက အတွေ့အကြုံရှင်းလင်းခြင်း အခမ်းအနား(၆-၂-၂၀၁၉)

မိတ္ထီလာတက္ကသိုလ်မှ ဂျပန်နိုင်ငံ Gifu University သို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြသည့် ဒေါက်တာကေသီသင်(ဒုတိယပါမောက္ခချုပ်၊ မိတ္ထီလာတက္ကသိုလ်)၊ ဒေါက်တာလှလှသန်း(ပါမောက္ခ-ဌာနမှူး၊ ရူပဗေဒဌာန၊ မိတ္ထီလာတက္ကသိုလ်)၊ ဒေါက်တာနှင်းလွှာနု(သရုပ်ပြ၊ ရူပဗေဒဌာန၊ မိတ္ထီလာတက္ကသိုလ်)နှင့် ဒေါ်မိုးသူဇာလွင်(သရုပ်ပြ၊ ရူပဗေဒဌာန၊ မိတ္ထီလာတက္ကသိုလ်)တို့က အတွေ့အကြုံရှင်းလင်းခြင်း အခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ (၆-၂-၂၀၁၉)ရက်နေ့ နံနက်(၉း၃၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ပြီး မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။