Wednesday, February 27, 2019

“မြန်မာ့စီးပွားရေးနှင့် စတော့အိတ်ချိန်း ဈေးကွက်အလားအလာ” ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲအခမ်းအနား(၁၆-၂-၂၀၁၉)


ဒေါက်တာမြင့်ဆန်း(ဒုတိယဥက္ကဋ္ဌ-၂၊ ထားဝယ်အထူးစီးပွားရေးဇုံစီမံခန့်ခွဲမှုကော်မတီ)နှင့် ဦးသက်ထွန်းဦး (အမှုဆောင်အကြီးတန်းမန်နေဂျာ၊ ရန်ကုန်စတော့အိတ်ချိန်း) တို့က မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ (၁၆-၂-၂၀၁၉)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် “မြန်မာ့စီးပွားရေးနှင့် စတော့အိတ်ချိန်း ဈေးကွက်အလားအလာ” ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ စာပေဟောပြောပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီးနောက် တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းခဲ့သည့် အကြောင်းအရာအလိုက် ပြန်လည်ဖြေကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်၊ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။