Tuesday, February 26, 2019

မိတ္ထီလာတက္ကသိုလ်၊ စာပေနှင့်ယဉ်ကျေးမှုအသင်းက ကြီးမှူးကျင်းပသည့် ပြည်ထောင်စုနေ့၊ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနား(၁၃-၂-၂၀၁၉)


မိတ္ထီလာတက္ကသိုလ်၊ စာပေနှင့်ယဉ်ကျေးမှုအသင်းက ကြီးမှူးကျင်းပသည့် ပြည်ထောင်စုနေ့၊ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ (၁၃-၂-၂၀၁၉)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ကြပြီး မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဒေါက်တာမောင်မောင်လေး၊ ပါမောက္ခ-ဌာနမှူး(ငြိမ်း)၊ မြန်မာစာဌာန၊ မန္တလေးတက္ကသိုလ်က "ပင်လုံရယ်၊ ဗိုလ်ချုပ်ရယ်၊ လွတ်လပ်ရေးရယ်" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။ ၄င်းနောက် ဒေါက်တာမောင်မောင်လေးမှ ဦးဆောင်၍  ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။