Thursday, February 14, 2019

ရုံးလုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှု ကွန်ပျူတာသင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနား(၇-၂-၂၀၁၉)


မိတ္ထီလာတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှု ကွန်ပျူတာသင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနားကို (၇-၂-၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ပြီး တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယရရှိခဲ့ကြသည့် သင်တန်းသူများအား ဂုဏ်ပြုဆုနှင့် သင်တန်းဆင်းလက်မှတ်ကိုလည်းကောင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်က သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦးအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။