Thursday, August 4, 2016

"Microstructural Study on Dysprosium Doped Nickel Ferrite” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခြင်းအခမ်းအနား(၄-၈-၂၀၁၆)


မိတ္ထီလာတက္ကသိုလ် ရူပဗေဒဌာနမှ ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာတမ်းဖတ်ကြားခြင်းအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် Learning Centre ခန်းမတွင် (၄-၈-၂၀၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင် တက်ရောက်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် စာတမ်းရှင် ဒေါ်သဇင်လှိုင်(သရုပ်ပြ၊ ရူပဗေဒဌာန)က “Microstructural Study on Dysprosium Doped Nickel Ferrite” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားရာ တက်ရောက်လာကြသည့် သင်ကြားရေးဘာသာရပ်ဆိုင်ရာဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများက အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်က စာတမ်းနှင့်ပတ်သက်၍ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ပိုမိုသဘောပေါက်စေရန်အတွက် စာတမ်းရှင်နှင့် အပြန်အလှန်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ စိတ်ပါဝင်စားသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စီမံခန့်ခွဲရေးဌာနများမှ အရာရှိများ တက်ရောက်ခဲ့ကြပါသည်။