Wednesday, August 3, 2016

မိတ္ထီလာတက္ကသိုလ်တွင် ဒေါက်တာမင်းတင်မွန်(မဟာသဒ္ဓမ္မဇောတိကဓဇ)က “အဖိုးတန်ဆုံး ဘ၀ပညာ ဗုဒ္ဓအဘိဓမ္မာ”ခေါင်းစဉ်ဖြင့်သင်တန်းပို့ချခြင်း အခမ်းအနား



မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူ အေး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာတက္ကသိုလ်အတွင်းရှိ ရာဇာကျောင်းသားဆောင်နှင့် ပတ္တမြားကျောင်းသူဆောင် တို့တွင် နေထိုင်ကြသော ကျောင်းသား၊ ကျောင်းသူများ ဘာသာရေးအသိဗဟုသုတများ၊ အသိပညာများ မြင့်မားလာစေရန်အလို့ငှာ (၁-၈-၂၀၁၆)ရက်နေ့မှ (၁၂-၈-၂၀၁၆)ရက်နေ့ အထိ ဒေါက်တာမင်းတင်မွန်(မဟာသဒ္ဓမ္မဇောတိကဓဇ)၊ မော်လမြိုင်တက္ကသိုလ်(ပါမောက္ခ-ငြိမ်း)၊ အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်(ပါမောက္ခ-ငြိမ်း)၊ သာသနာရေးဝန်ကြီးဌာန(အကြံပေးပုဂ္ဂိုလ်-ငြိမ်း)က “အဖိုးတန်ဆုံး ဘ၀ပညာ ဗ္ဓုအဘိဓမ္မာ”ခေါင်းစဉ်ဖြင့် ဟောပြောပို့ချမည့် ဖွင့်ပွဲအခမ်းအနားကို မိတ္ထီလာတက္ကသိုလ်ခန်းမတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူ အေးတက်ရောက်၍ အဖွင့်ဂုဏ်ပြု နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ထို့အတူ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်ကလည်း ဂုဏ်ပြုကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်ကြားရေးဘာသာရပ်ဆိုင်ရာဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများ၊ ၊ ၀န်ထမ်းများကလည်း အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ သင်တန်းသို့ စိတ်ပါဝင်စားသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ၀န်ထမ်းများ တက်ရောက်သင်ယူကြပါသည်။