Monday, August 15, 2016

“အဖိုးတန်ဆုံး ဘ၀ပညာ ဗုဒ္ဓအဘိဓမ္မာ”ခေါင်းစဉ်ဖြင့် ဟောပြောပို့ချခြင်း ပြီးမြောက်သည့် နှုတ်ဆက်ဂါရ၀ပြုပွဲအခမ်းအနား

ဒေါက်တာမင်းတင်မွန်(မဟာသဒ္ဓမ္မဇောတိကဓဇ)၊ မော်လမြိုင်တက္ကသိုလ်(ပါမောက္ခ-ငြိမ်း)၊ အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်(ပါမောက္ခ-ငြိမ်း)၊ သာသနာရေးဝန်ကြီးဌာန(အကြံပေးပုဂ္ဂိုလ်-ငြိမ်း)က “အဖိုးတန်ဆုံး ဘ၀ပညာ ဗ္ဓုအဘိဓမ္မာ”ခေါင်းစဉ်ဖြင့် (၁-၈-၂၀၁၆)ရက်နေ့မှ (၁၂-၈-၂၀၁၆)ရက်နေ့အထိ ဟောပြောပို့ချခြင်း ပြီးမြောက်သည့် နှုတ်ဆက်ဂါရ၀ပြုပွဲအခမ်းအနားကို (၁၂-၈-၂၀၁၆)ရက်နေ့တွင် မိတ္ထီလာတက္ကသိုလ်ခန်းမ ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူ အေးနှင့် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ သင်ကြားရေးဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ သင်တန်းကျောင်းသား/သူများ၊ စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများ၊ ၀န်ထမ်းများ တက်ရောက်ကြပြီး ဂါဝရပြုနှုတ်ဆက်ခဲ့ကြပါသည်။