Monday, August 15, 2016

မိတ္ထီလာတက္ကသိုလ်၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ ကျပန်းစကားပြောစွမ်းရည်ပြိုင်ပွဲ အခမ်းအနား


မိတ္ထီလာတက္ကသိုလ်၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ ကျပန်းစကားပြောစွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ(အဟောင်း)၌ ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင် ဖြူ ဖြူ အေးနှင့် ဒေါက်တာကေသီသင်တို့ တက်ရောက်အမှာစကားပြောကြားခဲ့ကြပါသည်။ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင် ဖြူ ဖြူ အေးနှင့် ဒေါက်တာကေသီတင်၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များတို့သည် ဆုရရှိသူများကို ဆုအသီးသီးချီးမြှင့်ပေးခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စီမံခန့်ခွဲရေး အရာထမ်းများလည်း တက်ရောက်ခဲ့ကြပါသည်။