Monday, August 15, 2016

၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ကိုယ်စားပြု အောင်ပွဲရဘော်လီဘောအားကစားသမားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနား



၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ကိုယ်စားပြု အောင်ပွဲရဘော်လီဘောအားကစားသမားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို (၁၃-၈-၂၀၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူ အေးနှင့် ဒေါက်တာကေသီသင်တို့ တက်ရောက်ဂုဏ်ပြုကြိုဆိုခဲ့ကြပါသည်။ အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများ၊ အရာထမ်းများ၊ အမှုထမ်းများ တက်ရောက်ဂုဏ်ပြုခဲ့ကြပါသည်။