Monday, January 28, 2019

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ မိတ္ထီလာက္ကသိုလ် ကာယဗလမောင်နှင့်ကာယအလှမယ်ပြိုင်ပွဲ အခမ်းအနား(၂၄-၁-၂၀၁၉)


၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ မိတ္ထီလာက္ကသိုလ် ကာယဗလမောင်နှင့်ကာယအလှမယ်ပြိုင်ပွဲ အခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၄-၁-၂၀၁၉)ရက်နေ့ (၁၂း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ကြပြီး တာဝန်ခံပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ကာယဗလမောင်နှင့်ကာယအလှမယ်ပြိုင်ပွဲနှင့် ကပြဖျော်ဖြေပွဲများ ဆက်လက်ကျင်းပခဲ့ပါသည်။ ၄င်းနောက် တာဝန်ခံပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူးများ)၊ ပါမောက္ခများ၊ ဌာနမှူး(သင်တန်းရေးရာ)နှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲ ဧည့်သည်တော်တို့က ပြိုင်ပွဲဝင်မောင်မယ်များနှင့် ကူညီပံ့ပိုးပေးခဲ့ကြသည့် လူပုဂ္ဂိုလ်တို့အား ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(သင်တန်းရေးရာ)၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။