Tuesday, January 22, 2019

မိတ္ထီလာတက္ကသိုလ် (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား


မိတ္ထီလာတက္ကသိုလ် (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ်သို့ ဘွဲ့တက်ရောက်ယူရန် လာရောက်ကြသည့် ဘွဲ့ယူမည့်မောင်မယ်များ၊ အုပ်ထိန်းသူ အမိအဖတို့နှင့်အတူ လိုက်ပါလာကြသော ရပ်နီးရပ်ဝေးမှ ဧည့်ပရိသတ်အပေါင်းတို့အား မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ လမ်းညွှန်စီစဉ်ပေးမှုတို့ဖြင့် မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအရှေ့တွင် ဘွဲ့နှင်းသဘင်ခန်းမအတွင်း ၀င်ရောက်ကြည့်ရှု နေရသကဲ့သို့ ဘွဲ့နှင်းသဘင်အခမ်းအနားကို တီဗွီဖြင့် Live ထုတ်လွှင့်ပြသပေးခဲ့ပြီး ကြည့်ရှုသူ ဧည့်ပရိသတ်များ စည်ကားသိုက်မြိုက်စွာ ကြည့်ရှုခဲ့ကြပါသည်။ မိတ္ထီလာတက္ကသိုလ် (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို (၁၈-၁-၂၀၁၉)ရက်နေ့တွင် အစမ်းလေ့ကျင့်ခြင်း၊ (၁၉-၁-၂၀၁၉)နှင့် (၂၀-၁-၂၀၁၉)ရက်နေ့တို့တွင် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်၊ ဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)နှင့် မော်ကွန်းထိန်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။