Wednesday, January 9, 2019

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား(၈-၁-၂၀၁၉)


၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မိတ္ထီလာမြို့နယ် ပေါက်ချောင်းအားကစားကွင်း၌ (၈-၁-၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ၀န်ထမ်းများ တက်ရောက်အားပေးခဲ့ကြပါသည်။