Monday, January 28, 2019

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား(၂၂-၁-၂၀၁၉)


၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မိတ္ထီလာမြို့နယ် ပေါက်ချောင်းအားကစားကွင်း၌ (၂၂-၁-၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်အားပေးခဲ့ကြပါသည်။ ထို့နောက် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဌာနမှူး(သင်တန်းရေးရာ)နှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများကလည်း ပြိုင်ပွဲဝင်အသင်းများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ၀န်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။