Thursday, February 9, 2017

မိတ္ထီလာတက္ကသိုလ်၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ ထမနဲထိုးပြိုင်ပွဲ(၉-၂-၂၀၁၇)

မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူအေး၏ ဦးဆောင်လမ်းညွှန်မှုဖြင့်
မိတ္ထီလာတက္ကသိုလ်၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ ထမနဲထိုးပြိုင်ပွဲကို (၉-၂-၂၀၁၇)ရက်နေ့ နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူအေး တက်ရောက်၍ အမှာစကားပြောကြားပြီး
 အားပေးခဲ့ပါသည်။ အဆိုပါ ပြိုင်ပွဲသို့ မိတ္ထီလာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်
 ဒေါက်တာကေသီသင်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြပါသည်။