Thursday, February 9, 2017

၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးဆိုင်ရာဟောပြောပွဲ(၇-၂-၂၀၁၇)

မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူအေး၏ ဦးဆောင်လမ်းညွှန်မှုဖြင့်
၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ
အသိပညာဗဟုသုတတိုးပွားစေခြင်းအလို့ငှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ
အသိပညာပေးဟောပြောပွဲ၊ မှုခင်းကျဆင်းရေးဆိုင်ရာဟောပြောပွဲ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး
ဆိုင်ရာဟောပြာပွဲနှင့်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ဆိုင်ရာ
ဟောပြောပွဲများကို (၇-၂-၂၀၁၇)ရက်နေ့တွင် မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ
မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူအေး တက်ရောက်၍
အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ
ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။