Wednesday, February 1, 2017

၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား(၃၁-၁-၂၀၁၇)

၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး
ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၃၁-၁-၂၀၁၇)ရက်နေ့၊ မွန်းလွဲပိုင်းတွင်
မိတ္ထီလာတက္ကသိုလ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ရာ
မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူအေး တက်ရောက်၍
အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်နှင့် ပါမောက္ခ(ဌာနမှူး)များ၊
ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ၀န်ထမ်းများ တက်ရောက်အားပေးခဲ့ကြပါသည်။