Thursday, February 9, 2017

မိတ္ထီလာတက္ကသိုလ်၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ ဌာနပေါင်းစုံ ဈေးရောင်းပွဲတော်(၉-၂-၂၀၁၇)

မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူအေး၏ ဦးဆောင်လမ်းညွှန်မှုဖြင့်
မိတ္ထီလာတက္ကသိုလ်၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ ဌာနပေါင်းစုံ ဈေးရောင်းပွဲတော်ကို (၉-၂-၂၀၁၇)ရက်နေ့ မွန်းလွဲ(၁း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ်
ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူအေးနှင့်
ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်၍ လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။
အဆိုပါ ဌာနပေါင်းစုံဈေးရောင်းပွဲတော်သို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊
ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စီမံခန့်ခွဲရေး အရာထမ်း၊ အမှုထမ်း
ဝန်ထမ်းများအားလုံး ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြပါသည်။