Wednesday, December 26, 2018

မိတ္ထီလာတက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား(၂၆-၁၂-၂၀၁၈)



မိတ္ထီလာတက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၆-၁၂-၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်၊ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူး(သင်တန်းရေးရာ)နှင့် မော်ကွန်းထိန်း၊ မိတ္ထီလာတက္ကသိုလ် အထူးပြုဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ မောင်မယ်သစ်လွင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။ ထို့အတူ မိတ္ထီလာတက္ကသိုလ် သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များနှင့် ဌာနမှူး(သင်တန်းရေးရာ)တို့ကလည်း ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားခဲ့ကြပါသည်။ မိတ္ထီလာတက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပခဲ့ကြောင်း သိရှိရပါသည်။