Tuesday, December 18, 2018

မိတ္ထီလာတက္ကသိုလ်နှင့် မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် တရုတ်ဘာသာစကားသင်တန်း အမှတ်စဉ်(၁) (၁၅-၁၂-၂၀၁၈)


မိတ္ထီလာတက္ကသိုလ်နှင့် မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းတို့ ပူးပေါင်းပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေသော ပထမနှစ်၊ ဒုတိယနှစ်၊ ပထမနှစ်ဂုဏ်ထူးတန်းတို့မှ စိတ်ပါဝင်စားသည့် ကျောင်းသား၊ ကျောင်းသူများအတွက် တရုတ်ဘာသာစကားသင်တန်း အမှတ်စဉ်(၁)ကို မန္တလေး FITC ကျောင်းမှ ဆရာ၊ ဆရာမများက (၁၅-၁၂-၂၀၁၈)ရက်နေ့မှ (၁၇--၂၀၁၉)ရက်နေ့အထိ အပတ်စဉ် စနေ၊ တနင်္ဂနွေရက်များတွင် သင်ကြားပေးလျက်ရှိပြီး သင်တန်းသား၊ သင်တန်းသူ (၂၁၄)ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း သိရှိရပါသည်။