Wednesday, August 23, 2017

မိတ္ထီလာတက္ကသိုလ် ဘူမိဗေဒဌာနမှ ဒေါက်တာကြည်ပြာအောင်(ကထိက)က အတွေ့အကြုံရှင်းလင်းပွဲ(၂၂-၆-၂၀၁၇)



မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူအေး၏ ဦးဆောင်လမ်းညွှန်မှုဖြင့်
မိတ္ထီလာတက္ကသိုလ် ဘူမိဗေဒဌာနမှ ဒေါက်တာကြည်ပြာအောင်(ကထိက)က
ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် "တရုတ်နိုင်ငံ၊ Institute of Tibetan Platea Research နှင့် Nanjing Institute of Geology and Paleontology, State Key Laboratory of Paleobiology and Stratigraphy, Chinese Academy of Sciences သို့ ပူးတွဲသုတေသနပြုလုပ်ရန် သွားရောက်ဆွေးနွေးခြင်းဆိုင်ရာ အတွေ့အကြုံရှင်းလင်းပွဲ" အခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ၌်(၂၂-၆-၂၀၁၇)ရက်နေ့
နံနက်(၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်
တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ
ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။