Tuesday, August 22, 2017

မိတ္ထီလာတက္ကသိုလ်၏ နှစ်(၄၀)ပြည့် မွေးနေ့ပွဲ အထိမ်းအမှတ်အခမ်းအနား(၂၀-၆-၂၀၁၇)

မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ၂၀-၆-၂၀၁၇ ရက်နေ့တွင် မိတ္ထီလာတက္ကသိုလ်၏ နှစ်(၄၀)ပြည့် မွေးနေ့ပွဲ အထိမ်းအမှတ်အခမ်းအနားကျင်းပခဲ့ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူဖြူအေးနှင့် ဒေါက်တာကေသီသင်တို့ တက်ရောက်၍ ဂုဏ်ပြုအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ၄င်းနောက် သင်ကြားရေးဘာသာရပ်ဌာနအသီးသီးမှ သုတေသနစာတမ်းများဖတ်ကြားခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းနှင့် အကောင်းဆုံးစာတမ်းများကို ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။