Friday, July 15, 2016

မိတ္ထီလာတက္ကသိုလ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ ဂီတပဒေသာပွဲတော်

မိတ္ထီလာတက္ကသိုလ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ်အနုပညာအသင်းမှ ကြီးမှူးကျင်းပသော ဂီတပဒေသာပွဲတော်ကို (၁၄-၇-၂၀၁၆)ရက်နေ့တွင်ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူ အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ထိုအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်ကလည်းကောင်း၊ ဒေါက်တာမာလာသိန်း(ပါမောက္ခ၊ ပထ၀ီဝင်ဌာန)တို့ကအသီးသီး အမှာစကားများ ပြောကြားခဲ့ပြီး သင်ကြားရေးဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စိမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများ၊ ဌာနစိတ်တာဝန်ခံများ၊ ၀န်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။