Monday, July 18, 2016

မိတ္ထီလာဒေသကောလိပ် ကျောင်းသား၊ ကျောင်းသူဟောင်းများ စတုတ္ထအကြိမ် မြတ်ဆရာပူဇော်ပွဲ


မိတ္ထီလာဒေသကောလိပ် ကျောင်းသား၊ ကျောင်းသူဟောင်းများ စတုတ္ထအကြိမ် မြတ်ဆရာပူဇော်ပွဲကို မိတ္ထီလာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ(အသစ်)၌ (၁၇-၇-၂၀၁၆)ရက်နေ့ (တနင်္ဂနွေနေ့)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူ အေးနှင့် ဒေါက်တာကေသီသင်၊ သင်ကြားရေးဆိုင်ရာဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများ၊ အရာထမ်းဝန်ထမ်းများ တက်ရောက်ဂါရ၀ပြုခဲ့ကြပါသည်။