Tuesday, February 23, 2016

မိတ္ထီလာတက္ကသိုလ်၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား



မိတ္ထီလာတက္ကသိုလ်၌ (၂၃-၂-၂၀၁၆)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ ထမနဲထိုးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်သူများ၊ စီမံခန့်ခွဲရေးဌာနများမှ အရာထမ်း၊ အမှုထမ်းများအားလုံး တက်ရောက်အားပေးခဲ့ကြပြီး၊ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူဖြူအေးက ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိခဲ့သည့် ပြိုင်ပွဲဝင်အသင်းများအား ဆုချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် နှစ်သိမ့်ဆုများရရှိခဲ့သော ပြိုင်ပွဲဝင်အသင်းများအား ပါမောက္ခ(ဌာနမှူး)များက ဆုများကို ချီးမြှင့်ပေးခဲ့ကြပါသည်။