Thursday, February 18, 2016

ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲ (၂၀၁၅-၂၀၁၆)ပညာသင်နှစ်

မိတ္ထီလာတက္ကသိုလ်၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို (၁၄-၁-၂၀၁၆)ရက်နေ့တွင် ကျင်းပရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူဖြူအေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်ရှိ သင်ကြားရေးဘာသာရပ်ဌာနများမှ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စီမံခန့်ခွဲရေးဌာနများမှ အရာထမ်များ တက်ရောက်ခဲ့ကြပါသည်။ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူဖြူအေးမှလည်း ဆုရမောင်မယ်များကို ဆုအသီးသီးချီးမြှင့်ပေးခဲ့ပါ သည်။