Tuesday, December 15, 2015

Opening Ceremony on Physics Literary Talk

မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူဖြူအေး၏ ဦးဆောင်မှုဖြင့် (၁၅-၁၂-၂၀၁၅) ရက်နေ့တွင် မိတ္ထီလာတက္ကသိုလ် ရူပဗေဒဌာနမှ ရူပဗေဒဘာသာရပ်ဆိုင်ရာစာပေဟောပြောပွဲကို ကြီးမှူးကျင်းပရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူဖြူအေး က ကျေးဇူးတင်အဖွင့်အမှာစကားပြောကြားခြင်း၊ ရူပဗေဒဌာန ပါမောက္ခ(ဌာနမှူး)၊ ဒေါက်တာလှလှသန်းက အဖွင့်စကားပြောကြားခြင်း၊ ဘာသာရပ်ဆိုင်ရာဟောပြောပို့ချမည့် ဧည့်သည်တော် ဒေါက်တာခင်ဆွေမြင့်(ပါမောက္ခချုပ်-ငြိမ်း၊ မန္တလေးတက္ကသိုလ်)က အဖွင့်အမှာစကားပြောကြားခဲ့ကြပါသည်။ ရူပဗေဒဘာသာရပ်ဆိုင်ရာဟောပြောပွဲသို့ ရူပဗေဒဘာသာရပ်ဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများလည်း တက်ရောက်ခဲ့ကြပါသည်။