Thursday, December 24, 2015

Fresher Welcome - 2015-2016 Academic Year

မိတ္ထီလာတက္ကသိုလ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ပညာထူးချွန်သော ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ဂုဏ်ဆောင် အားကစားသမားမျာအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို (၂၃-၁၂-၂၀၁၅)ရက်နေ့ နံနက်(၈း၃၀)နာရီတွင်လည်းကောင်း၊ နံနက်(၁၀း၃၀)နာရီတွင်လည်းကောင်း၊ နေ့လယ်(၁း၀၀)နာရီတွင်လည်းကောင်း အပိုင်း(၃)ပိုင်းခွဲ၍ ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၀၀၀)ကျော်နှင့် ဆုရမောင်မယ်(၈၉)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာခင်ဖြူ ဖြူ အေးက ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။ ၄င်းနောက် သက်ဆိုင်ရာ ဘာသာရပ် ပါမောက္ခ/ဌာနမှူးများနှင့် စီမံအရာရှိများက ကျောင်းသား၊ ကျောင်းသူများအား သိသင့်သိထိုက်သော အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။