Tuesday, March 12, 2019

မိတ္ထီလာတက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား(၁၉-၂-၂၀၁၉)


မိတ္ထီလာတက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မိတ္ထီလာတက္ကသိုလ်၌ (၁၉-၂-၂၀၁၉)ရက်နေ့ နံနက်(၈)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ပြီး တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ထမနဲထိုးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်နှင့် အတူ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(သင်တန်းရေးရာ)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)တို့က ပြိုင်ပွဲဝင်အသင်းများ ယှဉ်ပြိုင်နေကြသည်ကို ကြည့်ရှုအားပေးခဲ့ကြပါသည်။ ၄င်းနောက် နှစ်သိမ့်ဆုရရှိကြသည့် ပြိုင်ပွဲဝင်အသင်းများအား ပါမောက္ခ(ဌာနမှူး)များနှင့် ပါမောက္ခများက ဆုအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ ယင်းနောက် ဒေါက်တာခိုင်လယ်ဝင်း(ပါမောက္ခ-ဌာနမှူး၊ ပထဝီဝင်ဌာန)က တတိယဆုရရှိသည့် မြန်မာစာအသင်းအားလည်းကောင်း၊ ဒေါက်တာလှလှသန်း(ပါမောက္ခ-ဌာနမှူး၊ ရူပဗေဒဌာန)က ဒုတိယဆုရရှိသည့် ပထဝီဝင်အသင်းအားလည်းကောင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်က ပထမဆုရရှိသည့် သမိုင်းအသင်းအားလည်းကောင်း ဆုများချီးမြှင့်ပေးအပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရပါသည်။