ပညာရေးဝန်ကြီးဌာနနှင့် IIG Education Myanmar တို့ ပူးပေါင်းကျင်းပပြုလုပ်သည့်
Microsoft Office Specialist World Championship (MOSWC) 2019 ပြိုင်ပွဲကို မိတ္ထီလာတက္ကသိုလ်
ကွန်ပျူတာဌာန၌ (၂၁-၂-၂၀၁၉)ရက်နေ့ နံနက်(၁၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ်မှ
မောင်အံ့သူဇော်(ရုက္ခဗေဒ၊ ၂-ဂုဏ်-ရခ-၂)နှင့် မဟေသာစံ(ရူပဗေဒ၊ ၄-ရပ-၅၃)တို့ ဝင်ရောက်
ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရပါသည်။
Tuesday, March 12, 2019
မိတ္ထီလာတက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား(၁၉-၂-၂၀၁၉)
မိတ္ထီလာတက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ
ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မိတ္ထီလာတက္ကသိုလ်၌ (၁၉-၂-၂၀၁၉)ရက်နေ့ နံနက်(၈)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ်
တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ပြီး
တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ထမနဲထိုးပြိုင်ပွဲကို
ဆက်လက်ကျင်းပရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်နှင့် အတူ ပါမောက္ခ(ဌာနမှူး)များ၊
ပါမောက္ခများ၊ ဌာနမှူး(သင်တန်းရေးရာ)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)တို့က ပြိုင်ပွဲဝင်အသင်းများ
ယှဉ်ပြိုင်နေကြသည်ကို ကြည့်ရှုအားပေးခဲ့ကြပါသည်။ ၄င်းနောက် နှစ်သိမ့်ဆုရရှိကြသည့် ပြိုင်ပွဲဝင်အသင်းများအား
ပါမောက္ခ(ဌာနမှူး)များနှင့် ပါမောက္ခများက ဆုအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ ယင်းနောက်
ဒေါက်တာခိုင်လယ်ဝင်း(ပါမောက္ခ-ဌာနမှူး၊ ပထဝီဝင်ဌာန)က တတိယဆုရရှိသည့် မြန်မာစာအသင်းအားလည်းကောင်း၊
ဒေါက်တာလှလှသန်း(ပါမောက္ခ-ဌာနမှူး၊ ရူပဗေဒဌာန)က ဒုတိယဆုရရှိသည့် ပထဝီဝင်အသင်းအားလည်းကောင်း၊
ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်က ပထမဆုရရှိသည့် သမိုင်းအသင်းအားလည်းကောင်း ဆုများချီးမြှင့်ပေးအပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊
ပါမောက္ခများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊
ကျောင်းသူများနှင့် ဝန်ထမ်းများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရပါသည်။
Subscribe to:
Posts (Atom)