Friday, January 5, 2018

၂၀၁၇ ခုနှစ်တွင် ခန့်ထားသော နည်းပြ/သရုပ်ပြ ဆရာ၊ ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်မှု အခြေခံကွန်ပျူတာသင်တန်း(၂၆-၁၀-၂၀၁၇)

မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၁၇ ခုနှစ်တွင် ခန့်ထားသော နည်းပြ/သရုပ်ပြ ဆရာ၊ ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်မှု အခြေခံကွန်ပျူတာသင်တန်းကို မိတ္ထီလာတက္ကသိုလ် Computer Training Centre(3) ၌ (၁၆-၁၀-၂၀၁၇)ရက်နေ့မှ (၂၆-၁၀-၂၀၁၇)ရက်နေ့ အထိ ရုံးချိန်အတွင်း နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း နှစ်ပိုင်းခွဲပြီး သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ သင်တန်းကာလပြီးဆုံးသည့်အနေဖြင့် ကွန်ပျူတာကျွမ်းကျင်မှုရှိစေရန်အတွက် အဖွဲ့လိုက် Presentation ပြုလုပ်စေခြင်းနှင့် စာမေးပွဲစစ်ဆေးခြင်းများလည်းပြုလုပ်ပေးခဲ့ပါသည်။ အဆိုပါသင်တန်းကို မိတ္ထီလာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်နှင့်ရူပဗေဒဌာနမှ ဒေါက်တာလှလှသန်း(ပါမောက္ခ၊ ဌာနမှူး)၊ ဒေါက်တာကျော်ကျော်ဝင်း(ပါမောက္ခ)တို့က ကွန်ပျူတာဖြင့် ရုံးလုပ်ငန်းအထောက်အကူပြုနိုင်ရန်အတွက် သိမှတ်ဖွယ်ရာများကို စနစ်တကျသင်ကြားပို့ချပေးခဲ့ကြပါသည်။