Friday, September 29, 2017

မိတ္ထီလာတက္ကသိုလ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနား(၂၅-၉-၂၀၁၇)

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိတ္ထီလာတက္ကသိုလ်၊ ၀န်ဇင်းခန်းမ ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို (၂၅-၉-၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင် တက်ရောက်ပြီး ဆရာများ၏ ဂုဏ်ကျေးဇူးများနှင့်စပ်လျဉ်း၍ ပြောကြားခဲ့ပါသည်။ ၄င်းနောက် မိတ္ထီလာတက္ကသိုလ်၊ ဒဿနိကဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာအေးအေးမာကလည်း ဆရာများ၏ ဂုဏ်ကျေးဇူးကိုဖော်ညွှန်းကာ ဂုဏ်ပြုပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ စီမံအရာရှိများ တက်ရောက်ခဲ့ကြပါသည်။