Tuesday, January 10, 2017

မြန်မာစာဌာနမှ "အရောင်ဆိုင်ရာ မြန်မာစကားလုံးများကို သမူဟဘာသာဗေဒ ရှုထောင့်မှလေ့လာချက်" ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခြင်းအခမ်းအနား(10-1-2017)


မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူအေး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာတက္ကသိုလ် မြန်မာစာဌာနမှ ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် "အရောင်ဆိုင်ရာ မြန်မာစကားလုံးများကို သမူဟဘာသာဗေဒ ရှုထောင့်မှလေ့လာချက်" ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခြင်းအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် Learning Centre ခန်းမတွင်
(၁၀-၁-၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။