မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့်
၂၀၁၇ ခုနှစ်တွင် ခန့်ထားသော
နည်းပြ/သရုပ်ပြ ဆရာ၊ ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်မှု အခြေခံကွန်ပျူတာသင်တန်းကို
မိတ္ထီလာတက္ကသိုလ် Computer Training
Centre(3) ၌ (၁၆-၁၀-၂၀၁၇)ရက်နေ့ (တနင်္လာနေ့) နံနက်(၁၀း၀၀)နာရီတွင် သင်တန်းစတင်ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။
မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ဌာနအသီးသီးမှ စိတ်ပါဝင်စားသည့် ဆရာ၊ ဆရာမများလည်းတက်ရောက်လျက်ရှိပြီး
သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ (၁၈)ဦးတက်ရောက်သင်ယူလျက်ရှိပါသည်။ အဆိုပါသင်တန်းကို
မိတ္ထီလာတက္ကသိုလ် ရူပဗေဒဌာနမှ ပါမောက္ခ ဒေါက်တာကျော်ကျော်ဝင်းမှ ယနေ့ နံနက်(၁၀း၀၀)နာရီတွင်
စတင်သင်ကြားပို့ချလျက်ရှိပါသည်။
Monday, October 16, 2017
Friday, September 29, 2017
မိတ္ထီလာတက္ကသိုလ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနား(၂၅-၉-၂၀၁၇)
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ကို
ဂုဏ်ပြုသောအားဖြင့် မိတ္ထီလာတက္ကသိုလ်၊ ၀န်ဇင်းခန်းမ၌ ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို (၂၅-၉-၂၀၁၇)ရက်နေ့၊
နံနက်(၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်
တက်ရောက်ပြီး ဆရာများ၏ ဂုဏ်ကျေးဇူးများနှင့်စပ်လျဉ်း၍
ပြောကြားခဲ့ပါသည်။ ၄င်းနောက် မိတ္ထီလာတက္ကသိုလ်၊
ဒဿနိကဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာအေးအေးမာကလည်း ဆရာများ၏ ဂုဏ်ကျေးဇူးကိုဖော်ညွှန်းကာ ဂုဏ်ပြုပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ စီမံအရာရှိများ
တက်ရောက်ခဲ့ကြပါသည်။
Thursday, August 24, 2017
မိတ္ထီလာတက္ကသိုလ် သမိုင်းဌာနမှ ဒေါက်တာလှိုင်လှိုင်ဆွေ(တွဲဖက်ပါမောက္ခ) စာတမ်းဖတ်ကြားခြင်းအခမ်းအနား(၁၃-၇-၂၀၁၇)
မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်
ဒေါက်တာခင်ဖြူ ဖြူအေး၏ ဦးဆောင်လမ်းညွှန်မှုဖြင့်
မိတ္ထီလာတက္ကသိုလ် သမိုင်းဌာနမှ ဒေါက်တာလှိုင်လှိုင်ဆွေ(တွဲဖက်ပါမောက္ခ)က
ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် "The Socio-Economic Life of ATHIS in late Konbaung Period
(1852-1885)" ခေါင်းစဉ်ဖြင့်
စာတမ်းဖတ်ကြားခြင်းအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ၌်(၁၃-၇-၂၀၁၇)ရက်နေ့
နံနက်(၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်
တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ
ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊
ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အမေး၊ အဖြေများ အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပါသည်။မိတ္ထီလာတက္ကသိုလ် ရုက္ခဗေဒဌာနမှ ဒေါ်နန်းကျော့လှိုင်(ကထိက) စာတမ်းဖတ်ကြားခြင်း(၂၉-၆-၂၀၁၇)
မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်
ဒေါက်တာခင်ဖြူ ဖြူအေး၏ ဦးဆောင်လမ်းညွှန်မှုဖြင့်
မိတ္ထီလာတက္ကသိုလ် ရုက္ခဗေဒဌာနမှ ဒေါ်နန်းကျော့လှိုင်(ကထိက)က
ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် "Heavy Metal Concentration of Water,
Sediment and Macrophytes in Meiktila Lake" ခေါင်းစဉ်ဖြင့်
စာတမ်းဖတ်ကြားခြင်းအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ၌်(၂၉-၆-၂၀၁၇)ရက်နေ့
နံနက်(၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်
တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ
ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊
ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အမေး၊ အဖြေများ အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပါသည်။Wednesday, August 23, 2017
၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်အလိုက် စားပွဲတင် တင်းနစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား(၂၃-၆-၂၀၁၇)
၂၀၁၆-၂၀၁၇
ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်အလိုက် စားပွဲတင် တင်းနစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို
(၂၃-၆-၂၀၁၇)ရက်နေ့တွင် မိတ္ထီလာတက္ကသိုလ် အားကစားခန်းမ၌ကျင်းပရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ
ဖြူ အေးနှင့် ဒေါက်တာကေသီသင်တို့ တက်ရောက်၍ ဆုအသီးသီးချီးမြှင့်ခဲ့ကြပါသည်။ ဘာသာရပ်ဌာနအသီးသီးမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊
ကျောင်းသူများကလည်း ပျော်ရွှင်စွာဖြင့် အားပေးခဲ့ကြပါသည်။
Subscribe to:
Posts (Atom)