Thursday, December 22, 2016

ရူပဗေဒဌာနမှ "Sharing Experiences of Japan Asia Youth Exchange Program in Science" ခေါင်းစဉ်ဖြင့် အတွေ့အကြုံရှင်းလင်းခြင်းအခမ်းအနား(၂၂-၁၂-၂၀၁၆)


မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူအေး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာတက္ကသိုလ် ရူပဗေဒဌာနမှ အသိပညာဗဟုသုတဖွံ့ဖြိုးရေးအတွက် "Sharing Experiences of Japan Asia Youth Exchange Program in Science" ခေါင်းစဉ်ဖြင့် အတွေ့အကြုံရှင်းလင်းခြင်းအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် Learning Centre ခန်းမတွင် (၂၂-၁၂-၂၀၁၆)ရက်နေ့ မွန်းလွဲ(၁း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။