Friday, October 7, 2016

ကမ္ဘာ့ဆရာများနေ့အခမ်းအနား(၅-၁၀-၂၀၁၆)


(၅-၁၀-၂၀၁၆)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိတ္ထီလာတက္ကသိုလ်၊ ၀န်ဇင်းခန်းမ ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို (၅-၁၀-၂၀၁၆)ရက်နေ့၊ နံနက်(၉း၀၀)နာရီတွင် စတင်ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင် တက်ရောက်အမှာစကား ပြောကြားပြီး ဆရာများ၏ ဂုဏ်ကျေးဇူးများနှင့် စပ်လျဉ်း၍ စာတမ်းဖတ်ကြားခဲ့ပါသည်။ မိတ္ထီလာတက္ကသိုလ်ရှိ မြန်မာစာ၊ ပထ၀ီဝင်၊ ဒဿနိကဗေဒနှင့် အရှေ့တိုင်းပညာဌာနတို့မှ ဆရာ၊ ဆရာမများမှ ဆရာများ၏ ဂုဏ်ကျေးဇူးကိုဖော်ညွှန်းသော စာတမ်းများ ဖတ်ကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ စီမံအရာရှိများ တက်ရောက်ခဲ့ကြပါသည်။