Friday, March 25, 2016

ဂုဏ်ပြုနှုတ်ဆက်ပွဲအခမ်းအနား(၂၅-၃-၂၀၁၆)

မိတ္ထီလာတက္ကသိုလ်မှ လားရှိုးတက္ကသိုလ်သို့ ဒုတိယပါမောက္ခချုပ် ရာထူးတိုးဖြင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် ဆရာမကြီးဒေါက်တာလှလှတင်အား ဂုဏ်ပြု နှုတ်ဆက်ပွဲအခမ်းအနားကို မိတ္ထီလာတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမအသစ်၌ ကျင်းပရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူဖြူအေးမှ ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် ဘာသာရပ်ဆိုင်ရာပါမောက္ခ (ဌာနမှူး)များနှင့် သင်ကြား/စီမံ အရာထမ်းများကလည်း ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားခဲ့ပါသည်။