မိတ္ထီလာတက္ကသိုလ်
(၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ
မိတ္ထီလာတက္ကသိုလ်သို့ ဘွဲ့တက်ရောက်ယူရန် လာရောက်ကြသည့် ဘွဲ့ယူမည့်မောင်မယ်များ၊ အုပ်ထိန်းသူ
အမိအဖတို့နှင့်အတူ လိုက်ပါလာကြသော ရပ်နီးရပ်ဝေးမှ ဧည့်ပရိသတ်အပေါင်းတို့အား မိတ္ထီလာတက္ကသိုလ်
တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ လမ်းညွှန်စီစဉ်ပေးမှုတို့ဖြင့်
မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအရှေ့တွင် ဘွဲ့နှင်းသဘင်ခန်းမအတွင်း ၀င်ရောက်ကြည့်ရှု
နေရသကဲ့သို့ ဘွဲ့နှင်းသဘင်အခမ်းအနားကို တီဗွီဖြင့် Live ထုတ်လွှင့်ပြသပေးခဲ့ပြီး ကြည့်ရှုသူ
ဧည့်ပရိသတ်များ စည်ကားသိုက်မြိုက်စွာ ကြည့်ရှုခဲ့ကြပါသည်။ မိတ္ထီလာတက္ကသိုလ် (၁၇)ကြိမ်မြောက်
ဘွဲ့နှင်းသဘင်ကို (၁၈-၁-၂၀၁၉)ရက်နေ့တွင် အစမ်းလေ့ကျင့်ခြင်း၊ (၁၉-၁-၂၀၁၉)နှင့် (၂၀-၁-၂၀၁၉)ရက်နေ့တို့တွင်
ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်
တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်၊ ဘာသာရပ်ဌာနများမှ
ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)နှင့်
မော်ကွန်းထိန်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
Tuesday, January 22, 2019
Thursday, January 17, 2019
မိတ္ထီလာတက္ကသိုလ် ရူပဗေဒဌာနမှ ဒေါ်သွယ်သွယ်စိုး(လ/ထကထိက)က ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာတမ်းဖတ်ကြားခြင်းအခမ်းအနား(၁၇-၁-၂၀၁၉)
ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စိတ်ပါဝင်စားသူများအတွက်
ဗဟုသုတအတွေးအခေါ်အသိအမြင်တိုးတတ်စေရန် ရည်ရွယ်၍ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ဘာသာရပ်ဆိုင်ရာ
စာတမ်းဖတ်ပွဲများကို မိတ္ထီလာတက္ကသိုလ်တွင် အစဉ်မပြတ်ကျင်းပပြုလုပ်လျက်ရှိရာ မိတ္ထီလာတက္ကသိုလ်
ရူပဗေဒဌာနမှ ဒေါ်သွယ်သွယ်စိုး(လ/ထကထိက)က ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် "THE
OBSERVATION OF SCREENING PARAMETER ON TWO-ELECTRON SYSTEM" ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခြင်းအခမ်းအနားကို
မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ၌ (၁၇-၁-၂၀၁၉)ရက်နေ့
နံနက်(၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်
တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ
အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊
ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သိလိုသည်များကို မေးမြန်းခြင်း၊ စာတမ်းရှင်မှ ပြန်လည်ဖြေကြားခြင်းများ
ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
Monday, January 14, 2019
ဒေါက်တာမောင်သင်း(ပါမောက္ခချုပ်-ငြိမ်း)က "ပညာရှင်များသာ စီမံခန့်ခွဲသည့် တက္ကသိုလ်"ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်းအခမ်းအနား(၁၄-၁-၂၀၁၉)
ဒေါက်တာမောင်သင်း(ပါမောက္ခချုပ်-ငြိမ်း)က
"ပညာရှင်များသာ စီမံခန့်ခွဲသည့် တက္ကသိုလ်"ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်းအခမ်းအနားကို
မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ၌ (၁၄-၁-၂၀၁၉)ရက်နေ့ နံနက်(၁၀း၃၀)နာရီတွင် ကျင်းပပြုလုပ်ရာ
မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့
တက်ရောက်ခဲ့ကြပြီး တာဝန်ခံပါမောက္ခချုပ်
ဒေါက်တာဘဟန်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊
ဌာနမှူး(သင်တန်းရေးရာ)၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း
သိရှိရပါသည်။
Friday, January 11, 2019
"English, Research and Presentation" သင်တန်းပေးခြင်း
၂၀၁၈-၂၀၁၉
ပညာသင်နှစ်(ပထမပညာသင်ကာလ) မိတ္ထီလာတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေသော မဟာဒုတိယနှစ်သင်တန်း
ကျောင်းသား၊ ကျောင်းသူများအား "English, Research and Presentation" ခေါင်းစဉ်ဖြင့်
ပညာရည်တိုးတက်ပြည့်ဝစေရန်ရည်ရွယ်လျက် အပတ်စဉ် သောကြာနေ့တိုင်း မွန်းလွဲ(၁း၀၀) မှ (၃း၀၀)နာရီအထိ
သင်ကြားပေးလျက်ရှိကြောင်း သိရှိရပါသည်။
Subscribe to:
Posts (Atom)





































