Thursday, January 17, 2019

မိတ္ထီလာတက္ကသိုလ် ရူပဗေဒဌာနမှ ဒေါ်သွယ်သွယ်စိုး(လ/ထကထိက)က ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာတမ်းဖတ်ကြားခြင်းအခမ်းအနား(၁၇-၁-၂၀၁၉)


ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စိတ်ပါဝင်စားသူများအတွက် ဗဟုသုတအတွေးအခေါ်အသိအမြင်တိုးတတ်စေရန် ရည်ရွယ်၍ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲများကို မိတ္ထီလာတက္ကသိုလ်တွင် အစဉ်မပြတ်ကျင်းပပြုလုပ်လျက်ရှိရာ မိတ္ထီလာတက္ကသိုလ် ရူပဗေဒဌာနမှ ဒေါ်သွယ်သွယ်စိုး(လ/ထကထိက)က ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် "THE OBSERVATION OF SCREENING PARAMETER ON TWO-ELECTRON SYSTEM" ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခြင်းအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ၌ (၁၇-၁-၂၀၁၉)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သိလိုသည်များကို မေးမြန်းခြင်း၊ စာတမ်းရှင်မှ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။