Monday, February 11, 2019

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား(၅-၂-၂၀၁၉)


၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် အားကစားခန်းမ၌ (၅-၂-၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲဝင် အားကစားသမားများအား နှုတ်ဆက်အားပေးခဲ့ကြပါသည်။ ထို့နောက် ပါမောက္ခ(ဌာနမှူး)များနှင့် ပါမောက္ခများက ဒိုင်လူကြီးများနှင့် ပြိုင်ပွဲဝင်အားကစားသမားတို့အား အမှတ်တရဂုဏ်ပြုလက်ဆောင်နှင့် ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ပါသည်။ ၄င်းနောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်က ပထမဆုရရှိသည့် ဓာတုဗေဒအသင်း (အမျိုးသမီး)အား တံခွန်စိုက်ဒိုင်းကိုလည်းကောင်း၊ တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က ပထမဆုရရှိသည့် ပထ၀ီဝင်အသင်း(အမျိုးသား)အား တံခွန်စိုက်ဒိုင်းကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြ ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရှိရပါသည်။