မိတ္ထီလာတက္ကသိုလ် အရှေ့တိုင်းပညာဌာန၌ ဒေါက်တာသိန်းထွန်းက "မြန်မာဘာသာစကား၏
သိမ်မွေ့မှုများ(သဒ္ဒါ၊ ဗျည်း၊ သရနှင့် ဆန်းတို့၏ အသံစနစ်နှင့် အက္ခရာအရေး)" ခေါင်းစဉ်ဖြင့်
အသိပညာပေးခြင်းအခမ်းအနားကို (၁၃-၁၁-၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ်
ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်
တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ
အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များနှင့် စိတ်ပါဝင်စားသည့် ဆရာ၊
ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။