မိတ္ထီလာတက္ကသိုလ်
တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့်
၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေခြင်းအလို့ငှာ
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲအခမ်းအနားကို (၁၄-၂-၂၀၁၈)ရက်နေ့တွင်
မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ်
ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ကြပြီး တာဝန်ခံပါမောက္ခချုပ်
ဒေါက်တာဘဟန်က အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဦးအောင်ဇော်ဦး(ခရိုင်ဦးစီးမှူး၊
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန)၊ တာဝန်ခံ ဒုတိယရဲမှူး မြင့်စိုး(ယာဉ်ထိန်းတပ်ဖွဲ့၊
မိတ္ထီလာမြို့နယ်)နှင့် ဦးကျော်မင်းထွေး(ယာဉ်မောင်းစစ်ဆေးရေးမှူး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန)တို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို
အသိပညာပေးဟောပြောခဲ့ကြပါသည်။ ၄င်းနောက် မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ်
ဒေါက်တာဘဟန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို
အသိပညာပေးဟောပြောခဲ့ကြသူများအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့
မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ မော်ကွန်းထိန်း၊ ဆရာ၊
ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။