၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊
မိတ္ထီလာတက္ကသိုလ် အရှေ့တိုင်းပညာမိသားစု အာစရိယပူဇော်ပွဲ၊
မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊
နှုတ်ဆက်ပွဲနှင့် ဆုနှင်းပွဲ အခမ်းအနားကို (၁၂-၂-၂၀၁၇)ရက်နေ့တွင်
မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ၌်
ကျင်းပပြုလုပ်ခဲ့ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်
ဒေါက်တာခင်ဖြူ ဖြူအေး တက်ရောက်၍
ဆုံးမသြ၀ါဒစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့
မိတ္ထီလာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်နှင့် ပါမောက္ခ(ဌာနမှူး)များ၊
ဆရာ၊ ဆရာမများ၊ ကျောင်းသား၊
ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။