Wednesday, August 23, 2017

မိတ္ထီလာတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ဒေါ်သိမ့်သိမ့်(ကထိက)က စာတမ်းဖတ်ကြားခြင်း(၂၂-၆-၂၀၁၇)

မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူအေး၏ ဦးဆောင်လမ်းညွှန်မှုဖြင့်

မိတ္ထီလာတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ဒေါ်သိမ့်သိမ့်(ကထိက)က

ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် "Conversational Rules : MRQQ" ခေါင်းစဉ်ဖြင့်

စာတမ်းဖတ်ကြားခြင်းအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ၌်(၂၂-၆-၂၀၁၇)ရက်နေ့

နံနက်(၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်

တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ
ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။












 









Tuesday, August 22, 2017

မိတ္ထီလာတက္ကသိုလ်၏ နှစ်(၄၀)ပြည့် မွေးနေ့ပွဲ အထိမ်းအမှတ်အခမ်းအနား(၂၀-၆-၂၀၁၇)

မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ၂၀-၆-၂၀၁၇ ရက်နေ့တွင် မိတ္ထီလာတက္ကသိုလ်၏ နှစ်(၄၀)ပြည့် မွေးနေ့ပွဲ အထိမ်းအမှတ်အခမ်းအနားကျင်းပခဲ့ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူဖြူအေးနှင့် ဒေါက်တာကေသီသင်တို့ တက်ရောက်၍ ဂုဏ်ပြုအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ၄င်းနောက် သင်ကြားရေးဘာသာရပ်ဌာနအသီးသီးမှ သုတေသနစာတမ်းများဖတ်ကြားခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းနှင့် အကောင်းဆုံးစာတမ်းများကို ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။




















မိတ္ထီလာတက္ကသိုလ်ဝင်းအတွင်းရှိ လေးကျွန်းထိပ်တင်အောင်သစ္စာဆုတောင်းပြည့်စေတီတော် အနေကဇာတင်မင်္ဂလာ အခမ်းအနား(၂၀-၆-၂၀၁၇)

မိတ္ထီလာတက္ကသိုလ်ဝင်းအတွင်းရှိ လေးကျွန်းထိပ်တင်အောင်သစ္စာဆုတောင်းပြည့်စေတီတော် အနေကဇာတင်မင်္ဂလာ အခမ်းအနားကို (၂၀-၆-၂၀၁၇)ရက်နေ့တွင် စေတီတော်ရင်ပြင်၌်ကျင်းပရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူ အေးနှင့် ဒေါက်တာကေသီသင်တို့ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။ ထို့အတူ မိတ္ထီလာတက္ကသိုလ်မှ
ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများကလည်း တက်ရောက်ကြည်ညိုခဲ့ကြပါသည်။