Thursday, May 26, 2016

မိတ္ထီလာတက္ကသိုလ်၏ ၃၉-နှစ်မြောက် မွေးနေ့ပွဲနှင့် စာတမ်းဖတ်ပွဲ(၂၅-၅-၂၀၁၆)



မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ(အသစ်)၌ ၂၅-၅-၂၀၁၆ ရက်နေ့တွင် မိတ္ထီလာတက္ကသိုလ်၏ (၃၉)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ပွဲကျင်းပခဲ့ရာ သင်ကြားရေးဘာသာရပ်ဌာနအသီးသီးမှ သုတေသနစာတမ်းများဖတ်ကြားခြင်းနှင့် အကောင်းဆုံးစာတမ်းများကို ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။







 

Friday, March 25, 2016

ဂုဏ်ပြုနှုတ်ဆက်ပွဲအခမ်းအနား(၂၅-၃-၂၀၁၆)

မိတ္ထီလာတက္ကသိုလ်မှ လားရှိုးတက္ကသိုလ်သို့ ဒုတိယပါမောက္ခချုပ် ရာထူးတိုးဖြင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် ဆရာမကြီးဒေါက်တာလှလှတင်အား ဂုဏ်ပြု နှုတ်ဆက်ပွဲအခမ်းအနားကို မိတ္ထီလာတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမအသစ်၌ ကျင်းပရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူဖြူအေးမှ ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် ဘာသာရပ်ဆိုင်ရာပါမောက္ခ (ဌာနမှူး)များနှင့် သင်ကြား/စီမံ အရာထမ်းများကလည်း ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားခဲ့ပါသည်။



 



Tuesday, February 23, 2016

မိတ္ထီလာတက္ကသိုလ် ဈေးရောင်းပွဲတော် (၂၀၁၅-၂၀၁၆ ပညာသင်နှစ်)

မိတ္ထီလာတက္ကသိုလ်တွင် (၂၃-၂-၂၀၁၆)ရက်နေ့ မွန်းလွဲပိုင်း၌ ဈေးရောင်းပွဲတော်ကို ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စီမံခန့်ခွဲရေးဝန်ထမ်းများအနေဖြင့် ပျော်ပျော်ရွှင်ရွှင် လှည့်လည်ကြည့်ရှုအားပေးစားသောက်ခဲ့ကြပါသည်။


























မိတ္ထီလာတက္ကသိုလ်၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား



မိတ္ထီလာတက္ကသိုလ်၌ (၂၃-၂-၂၀၁၆)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ ထမနဲထိုးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်သူများ၊ စီမံခန့်ခွဲရေးဌာနများမှ အရာထမ်း၊ အမှုထမ်းများအားလုံး တက်ရောက်အားပေးခဲ့ကြပြီး၊ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူဖြူအေးက ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိခဲ့သည့် ပြိုင်ပွဲဝင်အသင်းများအား ဆုချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် နှစ်သိမ့်ဆုများရရှိခဲ့သော ပြိုင်ပွဲဝင်အသင်းများအား ပါမောက္ခ(ဌာနမှူး)များက ဆုများကို ချီးမြှင့်ပေးခဲ့ကြပါသည်။