Tuesday, December 15, 2015

Literary Talk on Physics (15-12-2015)

မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူဖြူအေး၏ ဦးဆောင်မှုဖြင့် (၁၅-၁၂-၂၀၁၅) ရက်နေ့တွင် မိတ္ထီလာတက္ကသိုလ် ရူပဗေဒဌာနမှ ကြီးမှူးကျင်းပသည့် ရူပဗေဒဘာသာရပ်ဆိုင်ရာ စာပေဟောပြောပွဲကို ဧည့်သည်တော် ဒေါက်တာခင်ဆွေမြင့်(ပါမောက္ခချုပ်-ငြိမ်း၊ မန္တလေးတက္ကသိုလ်)က ဟောပြောပို့ချရာ ရူပဗေဒဘာသာရပ်ဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။









Opening Ceremony on Physics Literary Talk

မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူဖြူအေး၏ ဦးဆောင်မှုဖြင့် (၁၅-၁၂-၂၀၁၅) ရက်နေ့တွင် မိတ္ထီလာတက္ကသိုလ် ရူပဗေဒဌာနမှ ရူပဗေဒဘာသာရပ်ဆိုင်ရာစာပေဟောပြောပွဲကို ကြီးမှူးကျင်းပရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူဖြူအေး က ကျေးဇူးတင်အဖွင့်အမှာစကားပြောကြားခြင်း၊ ရူပဗေဒဌာန ပါမောက္ခ(ဌာနမှူး)၊ ဒေါက်တာလှလှသန်းက အဖွင့်စကားပြောကြားခြင်း၊ ဘာသာရပ်ဆိုင်ရာဟောပြောပို့ချမည့် ဧည့်သည်တော် ဒေါက်တာခင်ဆွေမြင့်(ပါမောက္ခချုပ်-ငြိမ်း၊ မန္တလေးတက္ကသိုလ်)က အဖွင့်အမှာစကားပြောကြားခဲ့ကြပါသည်။ ရူပဗေဒဘာသာရပ်ဆိုင်ရာဟောပြောပွဲသို့ ရူပဗေဒဘာသာရပ်ဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများလည်း တက်ရောက်ခဲ့ကြပါသည်။




 

 
 



 


  





Monday, December 14, 2015

Closing Ceremony(11-12-2015)

မိတ္ထီလာတက္ကသိုလ်သို့ Universities Malaysia Sabah (UMS), Malaysia မှ Associate Professor Dr. Lay Yoon Fah လာရောက်ပြီး မိတ္ထီလာတက္ကသိုလ်မှ သင်ကြားရေး ဆရာ၊ ဆရာမများအား "To Conduct Lectures and Workshop on Quantitative Research Methodology" ခေါင်းစဉ်ဖြင့် (၃)ရက်ကြာ ပို့ချပြီး (၁၁-၁၂-၂၀၁၅)ရက်နေ့တွင် သင်တန်းပြီးဆုံးပြီးနောက် ထိုနေ့ မွန်းလွဲ(၃)နာရီတွင် သင်တန်းဆင်းပွဲအခမ်းအနားကျင်းပရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူဖြူအေးမှ ကျေးဇူးတင်အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းဆင်းအသိအမှတ်ပြုလွှာနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်အပ်ခဲ့ပါသည်။












  
 
 
 
 



 





သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများက ရှိခိုးကန်တော့နေကြသည့် မှတ်တမ်းဓာတ်ပုံများ

မိတ္ထီလာတက္ကသိုလ်သို့ Universities Malaysia Sabah (UMS), Malaysia မှ Associate Professor Dr. Lay Yoon Fah လာရောက်ပြီး မိတ္ထီလာတက္ကသိုလ်မှ သင်ကြားရေး ဆရာ၊ ဆရာမများအား "To Conduct Lectures and Workshop on Quantitative Research Methodology" ခေါင်းစဉ်ဖြင့် (၃)ရက်ကြာ ပို့ချလျက်ရှိရာ (၁၁-၁၂-၂၀၁၅)ရက်နေ့တွင် သင်တန်းပြီးဆုံးပြီးနောက် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများက ရှိခိုးကန်တော့နေကြသည့် မှတ်တမ်းဓာတ်ပုံများ