၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ မိတ္ထီလာက္ကသိုလ် ကာယဗလမောင်နှင့်ကာယအလှမယ်ပြိုင်ပွဲ
အခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၄-၁-၂၀၁၉)ရက်နေ့ (၁၂း၀၀)နာရီတွင်
ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ်
ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ကြပြီး တာဝန်ခံပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် ကာယဗလမောင်နှင့်ကာယအလှမယ်ပြိုင်ပွဲနှင့် ကပြဖျော်ဖြေပွဲများ ဆက်လက်ကျင်းပခဲ့ပါသည်။
၎င်းနောက် တာဝန်ခံပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူးများ)၊ ပါမောက္ခများ၊
ဌာနမှူး(သင်တန်းရေးရာ)နှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲ ဧည့်သည်တော်တို့က ပြိုင်ပွဲဝင်မောင်မယ်များနှင့်
ကူညီပံ့ပိုးပေးခဲ့ကြသည့် လူပုဂ္ဂိုလ်တို့အား ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပါမောက္ခ(ဌာနမှူး)များ၊
ပါမောက္ခများ၊ ဌာနမှူး(သင်တန်းရေးရာ)၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
Monday, January 28, 2019
မိတ္ထီလာတက္ကသိုလ် ပထ၀ီဝင်ဌာနမှ ဒေါက်တာဌေးရင်(တွဲဖက်ပါမောက္ခ)က ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာတမ်းဖတ်ကြားခြင်းအခမ်းအနား(၂၄-၁-၂၀၁၉)
ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စိတ်ပါဝင်စားသူများအတွက်
ဗဟုသုတအတွေးအခေါ်အသိအမြင်တိုးတတ်စေရန် ရည်ရွယ်၍ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ဘာသာရပ်ဆိုင်ရာ
စာတမ်းဖတ်ပွဲများကို မိတ္ထီလာတက္ကသိုလ်တွင် အစဉ်မပြတ်ကျင်းပပြုလုပ်လျက်ရှိရာ မိတ္ထီလာတက္ကသိုလ်
ပထ၀ီဝင်ဌာနမှ ဒေါက်တာဌေးရင်(တွဲဖက်ပါမောက္ခ)က ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
"Spatial Distribution of Onion Caltivation in Myittha Township" ခေါင်းစဉ်ဖြင့်
စာတမ်းဖတ်ကြားခြင်းအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ၌ (၂၄-၁-၂၀၁၉)ရက်နေ့ နံနက်(၉း၃၀)နာရီတွင် ကျင်းပပြုလုပ်ရာ
မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင် တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊
ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သိလိုသည်များကို မေးမြန်းခြင်း၊
စာတမ်းရှင်မှ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား(၂၂-၁-၂၀၁၉)
၂၀၁၈-၂၀၁၉
ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ
ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မိတ္ထီလာမြို့နယ် ပေါက်ချောင်းအားကစားကွင်း၌
(၂၂-၁-၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့်
ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်အားပေးခဲ့ကြပါသည်။ ထို့နောက် တာဝန်ခံပါမောက္ခချုပ်
ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဌာနမှူး(သင်တန်းရေးရာ)နှင့်
တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများကလည်း ပြိုင်ပွဲဝင်အသင်းများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်အဆင့် ဌာနဆိုင်ရာ
အကြီးအကဲများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ၀န်ထမ်းများ
တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
Subscribe to:
Posts (Atom)

































































